မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင် မီးလောင်မှုဖြစ်ပွား

မဘိမ်း     ဩဂုတ်     ၂၅             

ရှမ်းပြည်နယ်(မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယနေ့နံနက် နာရီ ၄၅ မိနစ် အချိန်ခန့်က လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ကျောင်းဆောင် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

မီးလောင်ရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်နိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြတ်မင်းကျော်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ မြို့နယ်ဦးစီးမှူးဦးအောင်မျိုးဦး ဦးစီးသော သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ လဝါကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ပြည်သူများမှ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နံနက် နာရီ ၄၀ မိနစ်အချိန်တွင် မီးလုံးဝငြှိမ်းသတ်နိုင်ခဲ့သည်။

အဆိုပါမီးလောင်မှုကြောင့် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေနှင့် အမြင့် ၂၄ ပေရှိ နံကပ်()ထပ် ကျောင်းဆောင်တစ်ဆောင်နှင့် စာသင်ကျောင်းအတွင်းရှိ ကျောင်းသုံးပရိဘောဂပစ္စည်းများ မီး လောင် ပျက်စီးဆုံးရှုံးသွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်းနှင့် ကျောင်း ဆောင်မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် အထက(ခွဲ)ကျောင်းတွင် ဖွင့်လှစ် သင်ကြား လျက်ရှိသော GRADE-10 ကျောင်းသားကျောင်းသူ(၁၈)ဦးတို့အား ဆက်လက်ပညာသင်ကြား နိုင်ရေး အတွက် လဝါ ကျေးရွာ၊ ရွာလယ်ရှိ ယခင်အခြေခံပညာကျောင်းဆောင်ဟောင်း နေရာတွင် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါကျောင်းဆောင် မီးလောင်ရသည့်အကြောင်းအရင်းအား စုံစမ်းဆဲဖြစ်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မျိုးမင်း (ပြန်/ဆက်)