မြဝတီ ဇွန် ၁၅
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြို့ပေါ်ရပ်ကွက်(၅)ခုအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ဆန်အိတ်များထောက်ပံ့ပေးအပ်ခြင်းကို ဇွန်လ ၁၃ ရက်နေ့နေ့လယ်(၁)နာရီက အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ်(၄)ရပ်ကွက်ရှိ ကြခတ္တောဘုန်းကြီးကျောင်း ဓမ္မာရုံတို့၌ ဆောင်ရွက်သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းနိုင်၏ဦးဆောင်မှုဖြင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဉာဏ်မြင့်၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်သန်း၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိန်ထွန်းနှင့် ရာအိမ်မှူးတို့က ကိုးရီးယားနိုင်ငံမှလှူဒါန်းသည့် ဆန်အိတ် (၃၅၈)အိတ် (၄၀ ကီလိုဂရမ်) အား ယာယီနေရပ်စွန့်ခွာပြည်သူ အိမ်ထောင်စု (၆၂၇)စု၊ လူဦးရေ(၂၀၄၈)ဦးအတွက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့ဆောင်ရွက်ခြင်းကို မြို့ပေါ်ရပ်ကွက်(၅)ခုအတွင်းရှိ ထိခိုက်ဆုံးရှုံးမှုများ ရှိခဲ့သည့် ယာယီနေရပ်စွန့်ခွာပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)