ကိုဗစ် -၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ နဝမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများလှူဒါန်းထောက်ပံ့

လားရှိုး ဇန်နဝါရီ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများသို့ ယနေ့ နံနက်()နာရီခွဲအချိန်ကစတင်၍ ကျောင်းတိုက်များသို့အရောက် နဝမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရှိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ် -၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချို ဦးဆောင်၍ အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့တို့ ပါဝင်ကာ လားရှိုးမြို့ရှိ ပန်အုပ်ကျောင်းတိုက်၊ ဇမ္ဗူအေး(အေတီ) တပ်ဦးကျောင်းတိုက်၊ အရှေ့ခါးရိုးကျောင်းတိုက်၊ မန်ဆူရှမ်းကျောင်းတိုက်တို့ရှိ သံဃာတော်အပါးစုစုပေါင်း(၃၄၅)ပါး တို့အတွက် ဆန်(၈၅)အိတ် ၊ ဆီ(၁၄၀)ပိဿာ၊ Mask (၂၀၀၀)ခု၊ ခေါက်ဆွဲခြောက်(၈၈)ဖာတို့အား ကျောင်းတိုက်အရောက် သွားရောက်ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

လားရှိုးခရိုင်အမျိုးသမီးရေးရာအဖွဲ့၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဒေါ်နန်းစောဥမ္မာဝင်းနှင့် အဖွဲ့ဝင်များက အလှူငွေကျပ်()သိန်းအား ပါဝင်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့ပြင် လားရှိုးမြို့ ရပ်ကွက်(၁၀)ရှိ ဧလိမ်မိဘမဲ့ဂေဟာသို့ သွားရောက်၍ ကလေးများအား နေ့လယ်စာ ကျွေးမွေးခဲ့ကြကြောင်း သိရှိရသည်။

ဟန်ဌေး(လားရှိုး)