ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ် မိုင်းလီကျေးရွာအုပ်စု၊ ပန်ခမ်းကျေးရွာ၌ ယနေ့နံနက်ပိုင်းအချိန်က ကျေးရွာတွင်း ကိုယ့်အားကိုယ်ကိုးကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းသစ်ဖွင့်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဦးခမ်း၊ အမှတ်(၁) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းခင်ထားရီ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် မိုင်းလီကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးဟန်စိန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
အဆိုပါ ကျေးရွာတွင်း ကိုယ့်အားကိုယ်ကိုး ကတ္တရာလမ်းသစ်ဆောင်ရွက်နိုင်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လမ်းပမ်းဆက်သွယ်ရေး၀န်ကြီး ဦးခွန်ရဲထွေး၏ ကတ္တရာပေပါပုံး(၃၃)လုံး မတည်ထောက်ပံ့လှူဒါန်းမှုနှင့် လမ်းညွှန်မှုကို ခံယူ၍ သိန္နီမြို့နယ် စည်ပင်သာယာရေးဌာနမှ တာဝန်ခံအင်ဂျင်နီယာ ဦးဇေယျာမင်းထွန်း၏ ဦးဆောင်ကာ ကျေးရွာရှိ ပြည်သူများ၏ ပူးပေါင်းပါ၀င်မှု လူအင်အား၊ ငွေကြေးအင်အား ထည့်ဝင်လှူဒါန်းမှုဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ အဆိုပါလမ်းမှာ အရှည်ပေ (၁၃၅၀)ပေ၊ အကျယ်(အနံ) ပေ(၁၂)ပေ၊ အမြင့်(ထု)(၉)လက်မရှိပြီး ပြည်သူလုထု၏ ငွေကြေးကုန်ကျငွေ(၁၈၀)သိန်း အကုန်အကျခံ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဖိုးချို( ပြန်/ဆက်)