ဒေးဒရဲ ဇန်နဝါရီ ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ(CRC) လုပ်ငန်ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဝင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ငုဝါထွန်းက ကလေးသူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ပြောကြားခဲ့သည်။ ဆက်လက်ပြီး ကော်မတီ အတွင်းရေးမှူး ဒေါ်အေးမြမိုးက ကလေးမွေးစားခြင်းဆိုင်ရာ ကိစ္စရပ်များ၊ ကော်မတီအနေဖြင့် လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်း များအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်၊ မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များနှင့် လူမှုဝန်ထမ်းဦးစီးဌာနက တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)