သတင်းများ

ကံမမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေး
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ပြည့်သူဆေးရုံတွင် ယနေ့ နံနက် ၉ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(COVISHIELD) ထိုးနှံခြင်းကို စတင်ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။
ကျိုင်းတုံမြို့ ရပ်တော်မူဘုရားကြီး၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ခေမရဋ္ဌဗျာဒိတ်ပေး ရပ်တော်မူဘုရားကြီး အရုဏ်ခံ တန်ဆောင်း၌ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်က ကျင်းပခဲ့သည်။
စပါးသီးနှံ အရည်အသွေးမကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှု လျော့ကျစေရေးအတွက် သိုလှောင် စပါးမျိုးစေ့များအား အစိုဓာတ်တိုင်းတာပေးမှု လက်တွေ့ သရုပ်ပြသဆောင်ရွက်
Jan 27,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ် ၊ မင်းတဲကြီးရပ်ကွက် ၊ တောင်သူ ဦးဇော်လွင်၏ ဧရာမင်း စပါးမျိုးသိုလှောင်ထားရှိသည့်နေရာ၌ စပါးသီးနှံအရည်အသွေးမကျဆင်းစေရေးနှင့် သိုလှောင်ချိန်၌ ရိတ်သိမ်းချိန်လွန် ဆုံးရှုံးမှုလျော့ကျစေရေးအတွက် သိုလှောင်သီးနှံ(ဧရာမင်း)စပါးမျိုးစေ့များအား သီးနှံအစို ဓာတ်တိုင်း ကိရိယာ (Kett Moisture Tester) Riceter fg- 512 နှင့် (Grain Moisture meter) တို့ဖြင့် အစိုဓာတ် တိုင်းတာပေးသည့် လက်တွေ့သရုပ်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။
မိုးမေတ္တာဖောင်ဒေးရှင်းမှ လင်းခေးမြို့၊ နောင်လုံကျေးရွာအုပ်စု၊ နမ့်တင်ကျေးရွာရှိ ကျန်းမာရေးချို့တဲ့သူနှင့် ငွေကြေးချို့တဲ့သူများအား စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း
Jan 27,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်မှ မိုးမေတ္တာဖောင်ဒေးရှင်း (MEU METTA Foundation)သည် ယမန်နေ့ မွန်းလွဲပိုင်းတွင် လင်းခေးမြို့၊ နောင်လုံကျေးရွာအုပ်စု၊ နမ့်တင်ကျေးရွာရှိ ကျန်းမာရေးချို့တဲ့သူ၊ ငွေကြေးခက်ခဲသူ (၁၄) ဦးအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
ကျောက်ထုမြို့ဒေသတွင် ကုလားပဲ စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်
Jan 27,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုမြို့ဒေသရှိ လယ်ယာမြေများတွင် ရေဆင်း(၆) ကုလားပဲမျိုးအား စိုက်ပျိုးလျှက်ရှိရာ အောင်မြင်ဖြစ်ထွန်းကြောင်း စိုက်ပျိုးရေးဌာနမှ သိရပါသည်။
မိုင်းယောင်းမြို့နယ်တွင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့ပြသခြင်း ဆောင်ရွက်
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် လယ်ယာစွန့်ပစ်ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး နွေစပါးစိုက်ခင်းများနှင့် အခြားသီးနှံစိုက်ခင်းများ မြေဆီလွှာအဟာရဓာတ် တိုးတက်လာစေရန်အတွက် သဘာဝမြေသြဇာပြုလုပ်သုံးစွဲနည်းများကို တောင်သူများ၏ ဖိတ်ခေါ်ချက်အရ ယမန်နေ့တွင် လက်တွေ့ပြုလုပ်ပြသခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) မိတ်ဆက်ခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်း ဆောင်ရွက်
Jan 27,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း(VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဝင်များ ရွေးချယ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပထွက်တိုင်း Mask စနစ်တကျ တပ်ဆင်ပါရှိရေး ပူးပေါင်းအဖွဲ့မှ ကြပ်မတ်စစ်ဆေးလျက်ရှိ
Jan 27,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အချိန်နှင့်တပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းမှစ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ အကြောင်း အမျိုးမျိုးဖြင့် ‌နေအိမ်ပြင်ပထွက်သူတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း အကာအကွယ် Mask စနစ် တကျ တပ်ဆင်ပါရှိရေးကို အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။