မက်မန်းမြို့နယ်၌ ကျန်းမာရေး ဝန်ထမ်းများအား COVID -19ကာကွယ်ဆေးထိုးနှံပေး

 

မက်မန်း          ဇန်နဝါရီ          ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်တွင်၊ ဇန်နဝါရီလ (၂၈)ရက်နေ့ နံနက်()နာရီ အချိန်က စတင်ပြီး ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ဆရာဝန် ဒေါက်တာအောင်ကိုဝင်း ဦးဆောင်ပြီး တာဝန်ရှိကျန်းမာရေးဝန်ထမ်းများက မက်မန်းမြို့နယ် အတွင်းရှိ ကျန်းမာရေးဝန်ထမ်း(၄၇)ရှိပြီး (၄၀)ဦးအား ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးပြီး ကျန်ရှိ သည့် ကျန်းမာရေးဝန်ထမ်း()ဦးမှာ ကာကွယ်ဆေးထိုးနှံရန်မသင့်သူများဖြစ်သဖြင့် အခြား ဌာနဆိုင်ရာ ()ဦး တို့အား ထိုးနှံပေးခဲ့ကြောင်းသိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ ခရိုင်အုပ်ချုပ်ရေးမှူး၊ဦးစိုးတင့်၊ ခရိုင်လ..ကဦးစီးမှူးဦးကိုကိုစု၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇော်မင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးဦးမြင့်ခိုင်၊ လမ်းဦးစီးဌာန မြို့နယ် လမ်းဦးစီး (မြို့ပြ)ဦးမိုင်းနိုင်နေလင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြ်ု့နယ် ဦးစီးမှူး ဒေါ်စီစီမိုးတာဝန်ရှိသူဌာနဆိုင်ရာများ တက်ရောက်ကြည့်ရှုခဲ့ကြောင်းသိရသည်။

သန်းမြတ်စိုး(ပြန်/ဆက်)