တီးတိန် ဇန်နဝါရီ ၂၉
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မိုင်နွဲကျေးရွာ၌ အမျိုးသားလျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းမှ အီတလီချေးငွေဖြင့် NEP(IT-1) ဆိုလာမီး တပ်ဆင်ပေးလျက်ရှိရာ ဇန်နဝါရီ ၂၇ က်နေ့တွင် တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒေါ်ထန်ငိုက်လွန်း (အငယ်တန်း အင်ဂျင်နီယာ-၂)နှင့် တာဝန်ရှိသူတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၀- ၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ခြင်းဖြစ်၍ ကျေးရွာအိမ်ခြေ (၉၁)အိမ်ရှိသည်အနက် (၆၀)ဝပ်များကို ပြည်သူထည့်ဝင်ငွေကျပ် ၅၀၀၀၀/-ဖြင့် (၂၈)လုံးနှင့် (၁၀၀)ဝပ်များကို ပြည်သူထည့်ဝင်ငွေကျပ် ၁၅၀၀၀၀/-ဖြင့် (၃၉)လုံးကို လည်းကောင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့် အခြေခံပညာ အလယ်တန်းကျောင်းတွင် (၃၈၀)ဝပ် (၁)လုံး၊ ဘာသာရေးဘုရားကျောင်း (၃)ကျောင်းတွင် (၁၉၀)ဝပ် တစ်လုံးစီနှင့် လမ်းမီးတိုင်(၅)တိုင်ကို လည်းကောင်း၊ တပ်ဆင် ဆောင်ရွက်ခြင်းဖြစ်သည်။
အဆိုပါဆိုလာမီးနှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်းကို Earth renewable Energy ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တီးတိန်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
ပေါင်ကျင့်မုန်(ပြန်/ဆက်)