ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရန် ကြီးကြပ်ရေး အဖွဲ့ဝင်(၅) ဦးရွေးချယ်

 

တပ်ကုန်း      ဇန်နဝါရီ          ၂၉

နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ရေး အတွက် ကြီးကြပ် ဆောင်ရွက်ရန် ကြီးကြပ်ရေး အဖွဲ့ဝင်() ဦးရွေးချယ်ခြင်းလုပ်ငန်းကို သက်ဆိုင် ရာ ရပ်ကွက်/ကျေးရွာ အုပ်စုများ အလိုက် ရွေးချယ်ဆောင်ရွက်လျက်ရှိရာ  မြဝတီရပ်ကွက်အတွက် ကြီးကြပ်ရေး အဖွဲ့ဝင် ()ဦး  ရွေးချယ်ခြင်းကို ယမန်နေ့ မွန်းလွဲ နာရီခွဲက အဆိုပါရပ်ကွက် အမှတ်()အခြေခံပညာ အထက်တန်း ကျောင်းဓမ္မာရုံတွင်  ကျင်းပ သည်။

ထိုသို့ရွေးချယ်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ် ရေးမှူး ဦးခင်အောင်တင်၊  ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်တင့်တင့်ခိုင်တို့က ရွေးချယ်ဖွဲ့စည်းခြင်း ဆိုင်ရာဥပဒေ၊ နည်းဥပဒေများနှင့်လုပ်ငန်းစဉ်များကို ပြောကြားပြီး နောက် မြဝတီရပ်ကွက်အတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရွေးချယ်ရာတွင် ကြီးကြပ် ရေးအဖွဲ့ဝင်()ဦးအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရွေးချယ်ဖွဲ့စည်းပေးခဲ့သည်။

တပ်ကုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၅၅)အုပ်စုဖြစ်ပြီး၊ သတ်မှတ်စည်းကမ်းချက် များနှင့်အညီ ရပ်ကွက် /ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ရေး အတွက် ကြီးကြပ်ဆောင်ရွက် ရန် ကြီးကြပ်ရေးအဖွဲ့ဝင်()ဦး ရွေးချယ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင်စိုးလွင်