မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ လူနာသစ်(၄၅)ဦး ထပ်တိုး တွေ့ရှိပြီး အတည်ပြု လူနာပေါင်းက(၃၃၅၀)ဦး အထိရှိလာ

မကွေး     ဇန်နဝါရီ    ၂၉

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၂၈ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန ထုတ်ပြန်ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြု လူနာသစ်(၄၅)ဦး ထပ်တိုးတွေ့ ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာပေါင်းက(၃၃၅၀)ဦး အထိရှိလာကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ထိစပ်တွေကနေ ကိုဗစ်ပိုးတွေ့ရှိမှုက ပိုမိုများလာတာပါ၊ ဒီနေ့ တွေ့ရှိခဲ့ တဲ့ လူနာတွေက NHL နဲ့ RDT စစ်ဆေးမှုအရ ပိုးတွေ့ အတည်ပြုလူနာသစ်(၄၅)ဦး ထပ်တိုးတွေ့ရှိခဲ့ တာပါ၊ အသစ်ထပ်မံ တွေ့ရှိတဲ့ ပိုးတွေ့အတည်ပြုလူနာတွေက မကွေးက(၁၇)ဦး၊ ချောက်(၁၃)ဦး၊ ငဖဲက(၈)ဦး၊ ချောက်က(၂)ဦးနဲ့ ပခုက္ကူ၊ ရေနံချောင်း၊ မင်းလှ၊ မြိုင်နဲ့ ရေစကြိုက (၁)ဦးစီတို့ ဖြစ်ပါတယ်၊ ပိုးတွေ့အတည်ပြုလူနာတွေထဲက ငဖဲ(၈)ဦးက ပိုးတွေ့ထိစပ်တွေဖြစ်ပြီး၊ ချောက်(၂)ဦးက ယာဉ်မောင်း ၊ယာဉ်နောက်လိုက်တွေဖြစ်ပါတယ်၊ မကွေး(၁၇)ဦးက အနံ့ပျောက် လူနာ(၂)ဦး၊ယာဉ်မောင်းက(၁)ဦး၊ ပိုးတွေ့လူနာနှင့် ထိတွေ့မှုရှိသူက(၁၁)ဦး၊ ရောဂါလက္ခဏာရှိ စောင့်ကြည့်လူနာ(၁)ဦးနဲ့ အခြားဝန်ထမ်း (၂)ဦးတို့ဖြစ်ပါတယ်၊ ချောက်(၁၃)ဦးက အနံ့ပျောက် လက္ခဏာပြလူနာ(၃)ဦးနဲ့ အတည်ပြုလူနာနဲ့ ထိတွေ့သူက(၁၀)ဦးပါ၊ ရေနံချောင်း(၁)ဦးနဲ့ မင်းလှ (၁)ဦးက ယာဉ်မောင်းတွေဖြစ်ပြီး၊ မြိုင်(၁)ဦးက စောင့်ကြည့်လူနာပါ၊ ရေစကြို(၁)ဦးနဲ့ ပခုက္ကူ(၁)ဦးက အနံ့ပျောက်လက္ခဏာပြလူနာတို့ ဖြစ်ပါတယ်၊ တိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ပေါင်းက(၃၃၅၀)ဦးထိရှိလာပြီး၊ သေဆုံးသူ ကတော့(၁၃)ဦး ရှိခဲ့ပြီ ဖြစ်တယ်လို့ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်  ညွှန်ကြားရေးမှူး ဒေါက်တာ ခင်မောင်သန်း က အတည်ပြုပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း တစ်ရက်တည်း ကိုဗစ်လူနာသစ်(၄၅)ဦး တွေ့ရှိခဲ့ပြီး ပိုးတွေ့ အတည်ပြုလူနာများနှင့် ထိတွေ့မှုရှိသူ(P contact)များမှ ပိုးတွေ့လူနာများ နေ့စဉ်ထပ်တိုး တွေ့ရှိလာ သည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိပြု ဆင်ခြင်ပြုမှုနေထိုင်ကြဖို့၊ ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် များကို တိကျစွာ လိုက်နာဆောင်ရွက်ကြဖို့ စသည့် အသိပညာပေး တိုက်တွန်းနှိုးဆော်မှုများကို သက်ဆိုင်ရာ တာဝန်ရှိသူများက လုပ်ဆောင်လျက်ရှိကြောင်း  သိရသည်။

သန်းနိုင်ဦး(ငဖဲ)