သတင်းများ

မအူပင်မြို့တွင် မြန်မာနိုင်ငံကလေးများနေ့ ဂုဏ်ပြုသောအားဖြင့် မူလတန်းကြိုကျောင်းပေါင်းစုံ ဖျော်ဖြေပွဲ၊ ပြိုင်ပွဲနှင့် လက်ဆောင် ချီးမြှင့်ခြင်းအခမ်းအနားကျင်းပ
Jan 31,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနက ကြီးမှူးကျင်းပသည့် လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏(၁၀၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်နှင့် မြန်မာနိုင်ငံကလေးများနေ့ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက လူမှုဝန်ထမ်းရုံးခန်းမတွင် ကျင်းပသည်။
မွန်ပြည်နယ်အစိုးရအဖွဲ့မှလှူဒါန်းပေးသည့် ဆန်၊ဆီ၊ဆားများကို သံဖြူဇရပ်မြို့ဘုန်း​တော်ကြီး​ကျောင်းနှင့်သီလရှင်စာသင်တိုက်များသို့ပို့​ဆောင်ဆက်ကပ်
Jan 31,2021
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်  ဘုန်း​တော်ကြီး  ​ကျောင်းများ၊ သီလရှင်စာသင်တိုက်များသို့  မွန်ပြည်နယ်အစိုးရအဖွဲ့မှ​ပေးပို့လှူဒါန်းသည့် ဆန်၊ ဆီ၊ ဆားများကို မြို့နယ် အ​​​ထွေ​ထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြို့နယ်သာသနာ့နုဂ္ဂဟအဖွဲ့တို့ အစီအစဉ်ဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းပရိယတ္တိစာသင်တိုက်များနှင့်  သီလရှင်​ကျောင်းများသို့ ပေးပို့ဆက်ကပ်လှူဒါန်းကြောင်း သိရသည်။
ဖားကန့်မြို့နယ်သို့ အနယ်နယ်အရပ်ရပ်မှ လာရောက်သူများအနေဖြင့် အသစ်ချမှတ်ထားသော စည်းကမ်းချက်များနှင့်ကိုက်ညီမှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြု‌မည်
Jan 31,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ လာရောက်သူများအနေဖြင့် ဖားကန့်ဒေသခံ မှတ်ပုံတင် ၁/ကမန ပါရှိရမည်ဖြစ်ပြီး မိမိလာရာအရပ်ဒေသမှ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး ထောက်ခံချက်ပါ ရှိခြင်းနှင့် ဖားကန့်ဒေသတွင်းမှ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး ထောက်ခံချက်ရရှိခြင်း၊ ဝန်ထမ်းများ ဖြစ်ပါက သက်ဆိုင်ရာ ဌာန/ကုမ္ပဏီ၏ ဝန်ထမ်းဖြစ်ကြောင်းထောက်ခံချက်တို့ပါရှိခြင်း၊ စသည့်အချက်များနှင့် အကျုံးဝင် မှသာ မြို့နယ်တွင်း ဝင်ရောက်ခွင့်ပြု‌တော့မည် ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်ထံမှ သိရသည်။
မော်လမြိုင်ကျွန်းမြို့နယ် ကုတင်​(၁၀၀) ဆေးရုံကြီးတွင် အောက်ဆီဂျင်စက်တပ်ဆင်ခြင်းနှင့် ကိုဗစ်-၁၉ ကာကွယ် ဆေးဝယ်ယူရန် လှူဒါန်းမှုတို့ အတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
Jan 31,2021
လပွတ္တာခရိုင်၊ ​မော်လမြိုင်ကျွန်း မြို့နယ်ကုတင်(၁၀၀)ဆေးရုံကြီးတွင် အောက်ဆီဂျင်စက် တပ်ဆင်လှူဒါန်းခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရန် အလှူငွေလှူဒါန်းခြင်းတို့အတွက် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမတွင် ယနေ့နံနက် ၁၁ နာရီက ကျင်းပကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ကြီးကြပ်ရေးမှူးအဖွဲ့(၅)ဦး ရွေးချယ်
Jan 31,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ခန့်အပ်နိုင်ရေး အတွက် ကြီးကြပ်ရေးမှူးအဖွဲ့(၅)ဦး ရွေးချယ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက မိုင်းဇင်းကျေးရွာအုပ်စု၊ ပင်းဆိုင်း(ဝ) ခရစ်ယာန်ဘုရားကျောင်း၌ ပြုလုပ်သည်။
ရှမ်းပြည်နယ်ဥပဒေချုပ် မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ) ကျောင်းဆောင်သစ်ဆောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jan 31,2021
ရှမ်းပြည်နယ်ဥပဒေချုပ် ဦးတင်ဦးသည် တာဝန်ရှိသူများလိုက်ပါလျက် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်၊ လဝါကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းဆောင်သစ် ဆောက်လုပ်နေမှုအခြေအနေများကို ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
နောင်ချိုမြို့နယ် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီမှတာဝန်ရှိသူများ ခရီးစဉ်သစ်ဖော်ဆောင်နိုင်ရန် ထန်ပညာဂူ သို့ ကွင်းဆင်းကြည့်ရှု
Jan 31,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဌေးလင်းအောင် နှင့် မြို့နယ်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေးကော်မတီမှ တာဝန်ရှိသူများသည် ခရီးစဉ်သစ် ဖော်ဆောင်နိုင်ရေးအတွက် "ထန်ပညာဂူ" သို့ ယမန်နေ့ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။