ဆီဆိုင် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့ပေါ်ရှိ ဆေးဆိုင်များအား စံမညီဆေးဝါးများ ရောင်းချမှု ရှိ/မရှိကို ယနေ့ နံနက် ၁၀ နာရီက သက်ဆိုင်ရာပူးပေါင်းအဖွဲ့က လိုက်လံစစ်ဆေးခဲ့သည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးကျော်ဇင်ထွန်း၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သူနာပြု အဆင့်(၁) ဒေါ်နန်းဝင်းမြင့်၊ ဆေးဘက်ကျွမ်းကျင်(၄) ဆေးစပ်ဆရာမ ဒေါ်ချယ်ရီသင်း၊ မြို့နယ်စည်ပင်သာယာရေး ဌာနတို့ပူးပေါင်း၍ ဆီဆိုင်မြို့ပေါ်ရှိ ရောင်းချလျက်ရှိသော ဆေးဆိုင်(၈)ဆိုင်အား စံမညီသည့်ဆေးဝါးများ ရောင်းချမှု မရှိစေရေးအတွက် လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ပြန်/ဆက်)