ကျိုင်းလပ် ဖေဖော်ဝါရီ ၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့၌ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းကို ယနေ့ နံနက်ပိုင်းက ကျိုင်းလပ်မြို့၊ ကျာခမ်းကျောက် ကျေးရွာအုပ်စု၊ နမ့်ငေါ့ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ နမ့်ငေါ့ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်နန်းကွမ်လှိုင်းက ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းဖြင့် ကာကွယ်နိုင်သော ရောဂါများအကြောင်း ဆွေးနွေးပြောကြားကာ ကျိုင်းလပ်မြို့ပေါ် ၃ ရပ်ကွက်နှင့် ကျာခမ်းကျောက် ကျေးရွာအုပ်စုအတွင်းရှိ အသက် ၂ နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ကျွေးခြင်းများ စတင်ဆောင်ရွက်ခဲ့ သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးခြင်း၊ တိုက်ကျွေးခြင်းကို နမ့်ငေါ့ကျေးလက်ကျန်းမာရေး ဌာနခွဲမှ သားဖွားဆရာမ ဒေါ်နန်းကွမ်လှိုင်းက ဦးဆောင်၍ ပြည်သူ့ကျန်းမာရေးဌာနမှ ကျန်းမာရေးကြီးကြပ်-၂ ဒေါ်ဟန်သူဇာမောင်နှင့် စေတနာ့ဝန်ထမ်းများက ကလေးငယ်များအား ပေါင်ချိန်ခြင်း၊ ဝက်သက်-ဂျိုက်သိုး၊ bcg ကာကွယ်ဆေး၊ pvc ငါးမျိုးစပ် ကာကွယ်ဆေး၊ penta ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ opv ပိုလီယို အစက်ချ ကာကွယ်ဆေးများ ထိုးခြင်းနှင့် တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျာလင်း (ပြန်/ဆက်)