ရွှေတောင်မြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံပေး

ရွှေတောင် ဖေဖော်ဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ်တွင် ကလေးငယ်များ ကျန်းမာသန်စွမ်းစေရန်နှင့်ကူးစက်ရောဂါတို့မှ ကင်းဝေစေရန် ရည်ရွယ် ၍ လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းလုပ်ငန်းများကို ယနေ့ နံနက် (၈) နာရီအချိန်က မိခင်နှင့်ကလေး စောင့်ရှောက် ရေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိ ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းများကို မြို့နယ်မိခင်နှင့်ကလေး ကျန်းမာရေးဌာန ဝန်ထမ်းများက မြို့ပေါ် (၃) ရပ်ကွက် နှင့်ကျေးရွာများမှ အသက်(၂) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင် အသားဝါ (B) ပိုး၊  ဦးနှောက် အမြှေးရောင်၊ (၅) မျိုးစပ်ကာကွယ်ဆေး၊ ပိုလီယိုအကြောသေ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန် ဦးနှောက် ရောင်ရောဂါ (၁၁) မျိုးအပြင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ဖြစ်စေတတ်သော (Rota) ကာကွယ်ဆေး ကိုပါ တိုက်ကျွေး ကြောင်းနှင့် ကလေးငယ်များအား ပေါင်ချိန်၍ ကိုယ်ကလေးချိန် မှတ်တမ်းရယူခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား မေးခိုင်-ဆုံဆို့နာ ကာကွယ်ဆေးထိုးပေးခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြား ချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)