မိုင်းယောင်းတွင် ကိုဗစ်ကာလ ဆွမ်းအခဲအခက် မရှိစေရန် တောင်တန်းသာသနာပြု ဘုန်းကြီးကျောင်းများသို့ ဒုတိယအကြိမ် အခြေခံစားသောက်ကုန်များလှူဒါန်း

မိုင်းယောင်း ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ကာလအတွင်း တောင်တန်းသာသနာပြု ဘုန်းတော်ကြီးကျောင်းများ စုစုပေါင်း သုံးကျောင်းသို့ ဌာနဆိုင်ရာများ စုပေါင်းပြီး ဒုတိယအကြိမ်အဖြစ် အခြေခံစားသောက်ကုန်များကို ယမန်နေ့ မွန်းလွဲပိုင်းက သွားရောက်လှူဒါန်းခဲ့ကြောင်း မြို့နယ်သာသနာတော် ထွန်းကားပြန့်ပွား ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့လှူဒါန်းရာတွင် ဆန်၊ ဆီ၊ ဆား၊ ကြက်သွန်နီ စသည့် အခြေခံစားသောက်ကုန်များကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးမြင့်ဦး၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညီညီဝေနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထေရဝါဒဗုဒ္ဓသာနာပြု(ဗဟို)ကျောင်း၊ ထေရဝါဒဗုဒ္ဓသာနာပြု (ဝမ်ဇလီလော်)ကျောင်းနှင့် ထေရဝါဒဗုဒ္ဓသာနာပြု (မိုင်းဟန်) ကျောင်းတိုက်များသို့ အသီးသီး သွားရောက်လှူဒါန်းခဲ့ကြသည်။

စိုင်းအောင်ဇော်လင်း