ပင်းတယ ဖေဖော်ဝါရီ ၂၅
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ဒေသ စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်နေ့ မွန်းလွဲ (၁)နာရီက ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက်(၉)ရပ်နှင့်ဆက်လက် ဆောင်ရွက်မည့်လုပ်ငန်းစဉ်(၅)ရပ်ကို ပြန်လည်ချပြ ဆွေးနွေးပြောကြားပြီး လုပ်ငန်းများကဏ္ဍအလိုက်မြန်ဆန်စွာ၊ အကောင်အထည်ဖော် ဆောင်ရွက်ရန်နှင့် လတ်တလောဖြစ်ပွားနေဆဲဖြစ်သည့် ကိုဗစ်ကပ်ရောဂါ ကာကွယ်ရေး လုပ်ငန်းများအား အရှိန်အဟုန်မပျက် ထိထိရောက်ရောက်ဆောင်ရွက်ရန်ပြောကြားခဲ့သည်။
ယင်းနောက်တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးဇော်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများတို့က သိရှိလိုသည်များကိုဆွေးနွေးတင်ပြကြရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအာကာလင်းမှ လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံလုပ်ငန်းညှိနိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ပင်းတယ(ပြန်/ဆက်)