မန်တုံ ဖေဖော်ဝါရီ ၂၆
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးနှင့် လက်ထောက်ဆရာဝန်များ လစ်လပ်လျက်ရှိပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကုသရေးအပိုင်းတို့တွင် အခက်အခဲများရှိနေပါသဖြင့် နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာမှူးနှင့် နည်းဗျူဟာဆေးမှူးတို့ဦးဆောင်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိဌာနဆိုင်ရာများ ပြည်သူ့ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် သူနာပြုဆရာမများ ပူးပေါင်းကာ ဒေသခံတိုင်းရင်းသား ပြည်သူများအား ဆေးကုသမှုများပြုလုပ်လျက်ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၅) ရက်နေ့ထိ ဆေးရုံတက်လူနာ(၈) ဦးရှိကာ မွေးလူနာ(၁)ဦးအား အောင်မြင်စွာမွေးဖွားပေးခဲ့ပြီး ကျောက်ကပ်ရောဂါ ဖြစ်ပွားသည့် ကလေးငယ်(၁)ဦး၊ အသည်းရောင်အသားဝါ ရောဂါဖြစ်ပွားသည့် မွေးကင်းစ(၁)ဦး၊ အူအနာပေါက်ရောဂါ ဖြစ်ပွားသည့် လူကြီး(ကျား)လူနာ(၁)ဦး၊ ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသည့် လူကြီး(ကျား) လူနာ(၁)ဦးနှင့် အခြားထိခိုက်ဒဏ်ရာရရှိသည့် လူကြီး (မ) လူနာ(၃)ဦး တို့အား လားရှိုးမြို့နယ် အမှတ်(၉) တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ လွှဲပြောင်းကုသမှုခံယူကာ ယခုအခါတွင် အဆိုပါလူနာများသည် ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သိရသည်။
ပြင်ပလူနာများအနေဖြင့် လူကြီး(၄၄)ဦးနှင့် ကလေး(၆)ဦး စုစုပေါင်း (၅၀) ဦးတို့အား ကုသပေးခဲ့ပြီး မန်တုံမြို့နယ် ပြည်သူ့ဆေးရုံတွင် နည်းဗျူဟာ စစ်ဆင်ရေး ကွပ်ကဲမှုအဖွဲ့မှ နည်းဗျူဟာဆေးမှူးနှင့် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ဆေးကုသမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူမောင်မောင်(ပြန်/ဆက်)