ခင်ဦးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရှိ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး

ခင်ဦး ဖေဖော်ဝါရီ ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရှိ ကျန်းမာရေးဝန်ထမ်းများနှင့် အားကစားနှင့် ကာယပညာ ဦးစီးဌာန ဝန်ထမ်းများကို ယနေ့ နေ့လယ် ၂ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ တွင် ဒုတိယအကြိမ် ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

စိုးဝေအောင် (ခင်ဦး)