ညောင်ဦး မတ် ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ၂၀၂၁ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၇၆နှစ်မြောက်သတင်းစကား လက်ကမ်း စာစောင်များကို နံနက် ၉နာရီအချိန်က ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ၇၆နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ထမ်းများက မဏိစည်သူဈေးအဝိုင်းတွင် ဖြန့်ဝေပေးခြင်း၊ ဌာနဆိုင်ရာများသို့ဖြန့်ဝေပေးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန်လာရောက်သည့် ပြည်သူများကိုဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။၇၆နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်တွင် ၁၀-၁၀-၁၉၄၄ ရက်နေ့တွင်ကျင်းပသောမြို့လုံးကျွတ်အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားသည့် မိန့်ခွန်း ကောက်နှုတ်ချက်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၈-၂-၂၀၂၁ ရက်နေ့တွင်နိုင်ငံတော်အခြေ အနေအရပ်ရပ် အားပြည်သူလူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နှုတ်ချက်၊ ၇၆ နှစ် မြောက်တပ်မတော်နေ့ ဦးတည်ချက်၊ တပ်မတော်အဆင့်ဆင့်ပြောင်းလဲဖွဲ့စည်းခဲ့ပုံ၊ နိုင်ငံ တော်အုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ် တို့ဖော်ပြပါရှိကြောင်းသိရသည်။
ကိုထိန်၊KPD