သထုံမြို့နယ်တွင် သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

သထုံ မတ် ၂၇ မွန်ပြည်နယ် သထုံမြို့နယ်တွင် သံဃာတော်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ နံနက်ပိုင်းက သထုံမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနခန်းမတွင် ထိုးနှံပေးခဲ့ကြကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မတ်လ ၂၅ ရက်နှင့် ၂၆ ရက်နှစ်ရက်ကြာ ထိုးနှံပေးခြင်းဖြစ်ပြီး သထုံမြို့နယ်အတွင်းရှိ ထေရ်ကြီးဝါကြီးသံဃာတော်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စုစုပေါင်း (၄၅၀)ဦးတို့အား ကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြကြောင်းသိရသည်။ ခရိုင်ပြန်/ဆက်