မိုင်းဆတ် မတ် ၂၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ (၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်း စကားလက်ကမ်းစာစောင်များကို ယနေ့ နံနက်(၈)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံတပ်ရင်း တပ်ဖွဲ့များနှင့် ပြည်သူများထံအခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၈.၂.၂၀၂၁ ရက်နေ့တွင် နိုင်ငံတော်အခြေအနေ အရပ်ရပ်အား ပြည်သူ လူထုသို့ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်း စဉ်(၅)ရပ်၊ (၇၆)နှစ်မြောက်တပ်မတော် နေ့ဦးတည်ချက်များ၊ တပ်မတော်အဆင့်ဆင့် ပြောင်းလဲဖွဲ့စည်းပုံများ၊ မောင်စိမ်းနောင် (လယ်ဝေး)ရေးသားတဲ့ ဇာနည် သာကီလာပြီ စသည့် ကဗျာများ ပါဝင်ကြောင်းသိရသည်။
ထို့သို့ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက နယ်မြေခံ တပ်ရင်း(၁၃)ရင်းနှင့် ပြည်သူများထံ (၇၆)နှစ်မြောက်တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင် (၅၂၅)စောင်ကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
မြင့်မောင်(ပြန်/ဆက်)