လေးဆူဓါတ်စံရွှေစာရံ စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချမင်္ဂလာ အခမ်းအနားကျင်းပ

သထုံ မတ် ၂၇ မွန်ပြည်နယ်၊ သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓါတ်စံရွှေစာရံ စေတီတော်မြတ်ကြီး ဗုဒ္ဓပူဇနိယ ပွဲတော် အထိမ်းအမှတ်အဖြစ် (၂၀)ကြိမ်မြောက် ဗုဒ္ဓါဘိသေက အနေကဇာတင်ပွဲတော်နှင့် ရေစက်ချ မင်္ဂလာအခမ်းအနားကို ယနေ့ နံနက်က ရွှေစာရံစေတီတော် ပုရဝုဏ်ရှိသု၀ဏ္ဏ ဘူမိသာသနာ့ ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ အရုဏ်တက်အချိန်၌ သထုံမြို့နယ်အတွင်းရှိ စေတီတော် ဩဝါဒါစရိယ ဆရာတော်ကြီးများနှင့် သံဃာတော်အရှင်သူမြတ်တို့က စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေက ဇာတင်ပူဇော်ကြပြီး သုဝဏ္ဏဘူမိ သာသနာ့ဗိမ္မာန်တော်၌ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပရာ စေတီတော်ဩဝါဒါစရိယ သဒ္ဓမဇောတိကာရာမ ကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတဘဒ္ဒန္တ သုမနာဘိဝံသ ထံမှ ကြွရောက်လာကြသူတို့က သီလခံယူကြသည်။ ဆက်လက်၍ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကဥက္ကဋ္ဌ ဦးခွန်သိန်းရွှေနှင့် အခမ်းအနားတက်ရောက် သူတို့က ကြွရောက်တော်မူလာကြသည့် သံဃာတော် အရှင်သူမြတ်တို့အား လှူဘွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။ ခရိုင် ပြန်/ဆက်