ရေစကြို ဧပြီ ၂
ရေစကြိုမြို့နယ်တွင် ဧပြီ၁၂ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သော အိမ်ထောင်စု (၂၀) စုကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျောက္ကာကျေးရွာအုပ်စု၊ ကျောက္ကာကျေးရွာမှ အမိုးလန် ပျက်စီး အိမ်ခြေ ၁၀ လုံး၊ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၄၃ ဦးနှင့် ဘောင်ဘဲ့တန်းကျေးရွာအုပ်စု၊ ဘောင်ဘဲ့တန်းကျေးရွာမှ အမိုးလန်ပျက်စီး အိမ်ခြေ ၁၀ လုံး၊ အိမ်ထောင်စု ၁၀ စု၊ လူဦးရေ ၃၆ ဦးတို့အတွက် စုစုပေါင်းထောက်ပံ့ငွေကျပ် ၆၄၈၉၀ဝိ/-ကို ရေစကြိုမြို့နယ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နန်းအိစံနှင့် ရေစကြိုမြို့နယ်၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်တင်မာနွယ်တို့က ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့ထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
နွယ်နွယ်(ရေစကြို)