လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

ရန်ကုန်     ဧပြီ     ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ အုပ်စု၊ မြစိမ်းရောင် စက်မှုဇုန်၊ မြရတနာလမ်း၊ အမှတ်(၁၆)ရှိ တရုတ်နိုင်ငံသား ပိုင်ဆိုင်သော ပန်းချီကား စက်ရုံ၌ ဧပြီလ(၂၀)ရက်နေ့ (၂၃း၄၀) နာရီ အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သိရသဖြင့် မီးငြိမ်းသတ်ယာဉ်()စီးဖြင့် ငြိမ်းသတ်ရာ (၂၄း၀၀) နာရီအချိန်တွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှု ဖြစ်ပွားရာနေရာသို့ အမှတ်()စစ်နယ်မြေမှူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် များမှ သွားရောက် စစ်ဆေး ခဲ့ပြီး မီးလောင်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် မီးလောင်ရသည့် အကြောင်းအရင်းနှင့်ပတ် သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(အင်းစိန်)