ကျောက်မဲ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ မြို့ကျက်သရေဆောင်ခန်းမအတွင်း၌ ယမန်နေ့ နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ပြန်လည်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကျောက်မဲမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မတ်လ ၁၁ ရက်နေမှစ၍ ထိုးနှံပေးခဲ့ပြီး သင်္ကြန်ရုံးပိတ်ရက်ကာလတွင် ကာကွယ်ဆေးထိုးပေးခြင်းကို ခေတ္တရပ်နားခဲ့ထား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကျောက်မဲမြို့နယ်အတွက် ၈,၃၃၀ ဦးစာ ထိုးပေးရန် လျာထားကာ အဆိုပါ လျာထားချက်ပြည့်မီသည်အထိ နေ့စဉ်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပြီးသူပေါင်း ၃,၆၇၅ ဦး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပြီးသူပေါင်း ၇၆၆ ဦး ရှိပြီဖြစ်ကြောင်းနှင့် ယင်းကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ ကြိမ်စလုံးကို ထိုးနှံပြီးသူများအား တာဝန်ရှိသူများက ကာကွယ်ဆေးထိုးပြီးကြောင်း အသိအမှတ်ပြု လက်မှတ်များကိုပါ တစ်ပါတည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်ထွန်း(ပြန်/ဆက်)