ပျဉ်းမနားမြို့နယ်တွင် တောင်သူလယ်သမားများအား စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကျင်းပ
Apr 23,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် စက်မှုလယ်ယာဦးစီး ဌာနက စပါးစိုက်ပျိုးသည့် တောင်သူလယ်သမားများအား လုပ်အားခသက်သာခြင်း၊ မျိုးစေ့ကုန်ကျမှု နည်းပါးခြင်း၊ အလုပ်သမားရှာဖွေရသည့် အခက်အခဲလျေားကျခြင်းနှင့် လုပ်ငန်းတွင်ကျယ်၍ ပြီးစီးမှု ပိုမိုလျင်မြန်စေရန်ရည်ရွယ်ကာ စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ယနေ့ နံနက် ၉ နာရီတွင် ပျဉ်းမနားမြို့နယ်၊ ဇီးဖြူပင်ကျေးရွာအုပ်စု၊ သစ်စိမ့်ပင်ကျေးရွာ၌ ကျင်းပသည်။