ရန်ကုန် ဧပြီ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းတိုးတက်စေရန်ရည်ရွယ်၍ အခြေခံစက်ချုပ်သင်တန်းကို ဧပြီ ၂၂ ရက် နံနက် ၁၀ နာရီက ဖားကူး (အရှေ့) ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက ကျေးလက်နေ ပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်ရည်ရွယ်၍ သန်လျင်မြို့နယ်အတွင်း အခြေခံစက်ချုပ်သင်တန်း ဖွင့်လှစ် ပေးနေမှုတို့အား ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ သန်လျင်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခြေခံစက်ချုပ်သင်တန်းအား သန်လျင်မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား သင်တန်းသူ (၂၀) ဦး တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ (၄၅) ရက်ကြာ သင်တန်းဖြစ်ကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)