သတင်းများ

တာမွေမြို့နယ်ကြက်ခြေနီအသင်းခွဲမှ ပင်စင်လာထုတ်သော သက်ကြီးဘိုးဖွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေး
Apr 23,2021
မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ် ကြက်ခြေနီအသင်းခွဲမှ မြို့နယ်အတွင်းရှိ မြန်မာ့ စီးပွားရေးဘဏ်ခွဲတွင် ယမန်နေ့မှစတင်ပြီး ပင်စင်လာထုတ်သော နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) အဘိုးအဖွားများကို ကျန်းမာရေး စောင့်ရှောက်မှု များ ပေးလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ် စေရေးအတွက် ပင်စင်စားများအား နေ့အလိုက် ထုတ်ပေး
Apr 23,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယမန်နေ့မှ စတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။
အမ်းမြို့နယ်၌ နေရပ်ပြန်အိမ်ထောင်စုများ ငွေနှင့်ရိက္ခာဆန်များ ထောက်ပံ့ပေးအပ်ခြင်း
Apr 23,2021
ရခိုင်​ပြည်နယ် အမ်းမြို့နယ်၌ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ နေရပ်ပြန်အိမ်ထောင်စု​ပြည်သူများအတွက် ငွေနှင့် ရိက္ခာဆန်များ ထောက်ပံ့ပေးအပ်ခြင်းကို မြို့နယ် အထွေထွေ အုပ်ချုပ်ရေးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Apr 23,2021
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက် (၆၅) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၈) နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်ကျောင်းများနှင့် အခြေခံပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Apr 23,2021
မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ၊ သက်မွေးပညာသင်ကျောင်းများနှင့် အခြေခံ ပညာကျောင်းများ ပြန်လည် ဖွင့်လှစ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အောင်ဆန်းခန်းမတွင် ကျင်းပ သည်။
မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးတင့်လွင်၊ မြို့သစ်မြို့နယ်အတွင်းရှိ နွားမွေးမြူရေးခြံနှင့် မြေသားကျောက်ရော မြေခင်းခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေး
Apr 23,2021
မကွေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးတင်လွင်သည် အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး မင်းဦးနှင့်အတူ သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါကာ ယနေ့ နံနက် ၈ နာရီက မကွေးခရိုင်၊ မြို့သစ်မြို့နယ်၊
မိုင်းရယ်တွင် ဒုတိယအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံ
Apr 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ မိုင်းရယ်မြို့နယ်တွင် မတ် ၁၀ ရက်က ပထမ အကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးထားသည့် နိုင်ငံ့ဝန်းထမ်းများ၊ အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဒေသခံပြည်သူများကို ဒုတိယအကြိမ်အဖြစ် ဧပြီလ ၂၁ ရက်နံနက် ၁၁ နာရီက မိုင်းရယ်မြို့ ပြည်သူ့ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ဆီဘောက်ဆာကား အရှိန်လွန်ပြီး ကျောက်မဲမြို့အဝင်မုခ်ဦးအား ဝင်ရောက်တိုက်မှုဖြစ်ပွား
Apr 23,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့တွင် ယမန်နေ့ နံနက် ၁၁ နာရီ အချိန်ခန့်က လားရှိုးဘက်မှ မန္တလေးဘက်သို့ မောင်းနှင်လာသည့် ဆီဘောက်ဆာကားတစ်စီးမှ အရှိန်လွန်ကာ မြို့အဝင်မု‌ခ်ဦးအား ဝင်ရောက်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။