စေတုတ္တရာ ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာတွင် ဒေသထွက် တံမြက်စည်းပင်များ ရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း တံမြက်စည်းလုပ်ငန်းလုပ်ကိုင်သူ တစ်ဦးထံမှ သိရသည်။
တံမြက်စည်းလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်မှုနှင့် ပတ်သက်ပြီး လုပ်ငန်းလုပ်ကိုင်သူ “ဒေါ်မာလာက မိမိတို့ကျေးရွာပတ်ဝန်းကျင်တွင် တံမြက်စည်းပင်များပေါက်ရောက်လျက်ရှိကြောင်း၊ တံမြက်စည်း အစို တစ်ပိဿာလျှင် (၂၀၀) ကျပ်နှုန်းဖြင့် ဝယ်ယူကြောင်း၊ တံမြက်စည်းအစိုများအား ရက်သတ္တပတ် နေလှန်းပြီးလျှင် ရောင်းချပါက တစ်ပိဿာလျှင် (၇၀၀) ကျပ်နှုန်းဖြင့် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် သွားရောက်ရောင်းချကြောင်းနှင့် ပိဿာချိန်(၁)ထောင်ခန့်ရောင်းချလျှင် ငွေကျပ် (၇)သိန်းခန့် ရရှိကာ မိသားစု စားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိကြောင်း” ပြောကြားသည်။
စေတုတ္တရာမြို့နယ် သက္ကယ်တောင်ကျေးရွာရှိ တောင်သူများအနေဖြင့် ယခင်က ရွှေ့ပြောင်း တောင်ယာ စနစ်ဖြင့် စိုက်ပျိုးလုပ်ကိုင်ကြသော်လည်း ယခုအခါ နှစ်ရှည်သီးနှံပင်များဖြစ်သည့် ကော်ဖီ စိုက်ခင်းများ စိုက်ပျိုးခြင်းနှင့် ဝဉစိုက်ခင်းများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)