ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံ

1

ကျောက်တော်  ဧပြီ  ၂၇

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများအား ကူးစက်မြန် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်အဖြစ် စတင်ထိုးနှံခြင်းအား ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးရုံးတွင် စုရပ်အဖြစ် ကျန်းမာရေးဝန်ထမ်းများက စတင်ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။

ဆက်လက်ပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို ဒုတိယအကြိမ် ဆေးရုံအခြေပြု စတင်ထိုးနှံ ပေးခြင်းကို ကျောက်တော်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်း၊ ရဟန်းသံဃာတော် များနှင့်သာ သနာ့နွယ်ဝင် သီလရှင်များအား ထိုးနှံပေးလျှက်ရှိပြီး မြို့နယ်အတွင်းကျန်ရှိနေသေး သော မြို့နယ်အဆင့်ဌာနဆိုင်ရာရုံးများမှ ဝန်ထမ်းများကိုလည်း အချိန်နှင့်တစ်ပြေးညီဆက်လက် ထိုးန ပေးသွားမည်ဖြစ် ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိရာတွင် မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ဦးသန်းထွန်း ဦးဆောင် သောကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများအား ဆေးထိုးနှံခြင်းမပြုမည် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် စစ်ဆေးတိုင်းတာပေးခြင်းများနှင့် ပုံမှန်အနေအထားရောက်ရှိမှသာ စနစ်တကျကာကွယ်ဆေး      စတင်ထိုးနှံပေးပြီး ဆေးထိုးနှံပြီးသူများကို မိနစ် ၃၀ ခန့်အနားယူ စေကာလိုအပ်သော ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရသည်။

ခင်မောင်ထွန်း(ပြန်/ဆက်)