“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်
Apr 28,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်သည် အဖွဲ့ဝင်များဖြစ်ကြသော ဒုတိယဗိုလ်မှူးကြီး အောင်ကျော်စိုး၊ ဒုတိယရဲမှူးကြီး စိုးပိုင်၊ ဦးဘုန်းမော်မိုး (ဒုတိယညွှန်ကြားရေးမှူး)၊ ဦးကျင်ဝမ်းနှင့် ဦးစန်းလှိုင် (အတွင်းရေးမှူး)တို့ လိုက်ပါလျက် ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ဟိုပန်မြို့၊ ဖာလင်ကျေးရွာအုပ်စုရှိ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်ရန် လျာထားသည့် အမကမူလွန်ကျောင်း ဆောက်လုပ်မည့်မြေနေရာအား ကြည့်ရှုစစ်ဆေးသည်။