စစ်တွေ ဧပြီ ၂၇
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ စစ်တွေမြို့ နယ်၏ နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက စစ်တွေမြို့ရှိ ဦးဥတ္တမခန်းမ၌ ပေးအပ်ကြောင်း သိရသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အောင်ကျော်မင်းက နိုင်ငံသား စီစစ်ရေးကတ်ပြားကွင်းဆင်း ဆောင်ရွက်ပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင်ပါဝင်သော အရေးပေါ်ကာလဆိုင်ရာ ပြဌာန်ချက်များနှင့်အညီ ဆောင်ရွက်ပြီး စိးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ခုနှစ်အညီ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့် ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟူသော အချက်တွင် လွတ်လပ်ပြီးတရားမျှတသောပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက် ပွဲကျင်းပရာတွင် အသက် ၁၈ နှစ် ပြည့်ပြီးသူတိုင် နိုင်ငံသာ၊ဧည့်နိုင်ငံသား၊နိုင်ငံသား(ပြု)လက်မှတ် ကိုင်ဆောင်မဲပေးနိုင်ရေးအတွက် နိုင်ငံသားတိုင် နိုင်ငံသားစီစစ်ရေး ကတ်ပြားရရှိမည်ဟူသော ရည်မှန်ချက်ဖြင့်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရခိုင်ပြည်နယ် မှတိုင်ရင်းသားများအား နိုင်ငံသားစီစစ်ရေးကတ်ပြားကွင်းဆင်းဆောင်ရွက်ပေးခြင်း လုပ်ငန်းအား ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသားစီစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ရာတွင် ရာနူန်းပြည့်အောင်မြင်နိုင်ရန် သက်ဆိုင်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်လိုပါကြောင်း၊ နိုင်ငံသားစီစစ်ရေး ကတ်ပြားမရှိသေးသူများ မကျန်ရှိစေရေး သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ စိတ်အားထက် သန်စွာပူးပေါင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊နိုင်ငံသားတိုင် နိုင်ငံသား စိစစ်ရေးကတ်ပြား ရရှိရေးအတွက်ကွင်းဆင်းဆောင်ရွက်ခြင်းလုပ်ငန်းစဉ်အား စစ်ဆင်းရေးတစ်ရပ ်အနေဖြင့် မှန်မှန်ကန်ကန် သမာသမတ်ရှိရှိ ပြုလုပ်ပေးသွာကြရနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာအဖွဲ့အစည်း များမှလည်း ဝိုင်းဝန်းကူးညီဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ဆက်လက်ပြီးအလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရခိုင်ပြည်နယ ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးလွင်က နိုင်ငံသားစိစစ်ရေးကတ်ပြား ကွင်းဆင်းဆောင်ရွက်ခြင်းအား ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဒေါက်တာအောင်ကျော်မင်းနှင့် တာဝန်ရှိသူများက စစ်တွေမြို့နယ်အတွင်းရှိ သင်ပုန်းတန်းကျေးရွာအုပ်စု၊ ကျားမသောက်ကျေးရွာအုပ်စု၊ ရေချမ်းပြင်ကျေးရွာအုပ်စု နှင့် ကသဲရပ်ကွက်တို့မှ နိုင်ငံသားကတ် စုစုပေါင်း ၄၄၉ ကတ်အား ပြည်သူများထံပေးအပ်ကြသည်။
ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် မတ်လ ၁ ရက်နေ့မှ စတင်ကွင်းဆင်းဆောင်ရွက်ရာ ဧပြီလ ၂၃ ရက်နေ့ထိ ရပ်ကွက်ကျေးရွာပေါင်း ၇၇ ခုအား ကွင်းဆင်းဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ အသက် ၁၀ နှစ် နှင့် ၁၈ နှစ်ကြား နိုင်ငံသားဆောင်ရွက်သူ ၁၁၄၂ ဦး အသက် ၁၈ နှစ် အထက် နိုင်ငံသားဆောင်ရွက်သူ ၁၁၆၃ ဦး၊အသက် ၁၀ ပြည် နိုင်ငံသားကတ်ပြားမှ အသက်၁၈ နှစ်ပြည့် နိုင်ငံသားလဲလှယ်ဆောင်ရွက်သူ ၁၄၅ ဦး နှင့် နိုင်ငံသားကတ်ပျောက်ဆုံး/ပျက်ဆီးမှုအတွက် မိတ္တူဆောင်ရွက်သူ ၁၅၇ ဦး ၊စုစုပေါင်း ၂၆၀၇ဦးအားဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)