အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများဆောင်ရွက်

ရန်ကုန် ဧပြီ ၂၈

ရန်ကုန်တိုင်ဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်နှင့် မကူးစက်နိုင်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ မြန်မာ့စီးပွားရေးဘဏ် တွင် ပင်စင်လာရောက် ထုတ်ယူသူ သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှု ပေးခြင်းကို ယနေ့ နံနက်(၉)နာရီက မြန်မာ့စီးပွားရေးဘဏ်(အင်းစိန်)တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာတွင် အင်းစိန်မြို့နယ်၊ ရဲတပ်ဖွဲ့ဝင်များ၊ မြန်မာ့စီးပွားရေးဘဏ် ဝန်ထမ်းများနှင့် ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များက အင်းစိန်မြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာ ရောက် ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်း၊ ဝင်ပေါက်တွင် ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ လက်ကို စနစ်တကျဆေးစေခြင်း၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ပေးခြင်းစသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် မကူးစက်နိုင်သောရောဂါများ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြန်မာ့စီးပွားရေးဘဏ်၌ ဘဏ်ဖွင့်ရက်များတွင် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး လစဉ်(၂၁)ရက်နေ့မှ လကုန်အထိ ပင်စင်လာရောက် ထုတ်ယူသူ သက်ကြီးဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)