လှိုင်းဘွဲ ဧပြီ ၂၈
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မိုးရာသီကာလအတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးအတွက် ဒေသခံ ပြည်သူများအနေဖြင့် ပျိုးပင်များအား အခမဲ့စိုက်ပျိုးနိုင်ရန် ရည်ရွယ်ပြီး သစ်တောဦးစီးဌာနရှိ ပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း(၄၉၃၅၀) စိုက်ပျိုးထားရှိကြောင်း သိရသည်။
အဆိုပါ ပျိုးဥယျာဉ်အတွင်း၌ သဘာဝတော တန်ဖိုးမြင့် စိုက်ပျိုးနိုင်ရန်အတွက် ပျဉ်းမ (၁၂၀၀၀)၊ ကျွန်း(၃၆၇၅)၊ ပျဉ်းကတိုး(၃၆၇၅)၊ လူထုဖြန့်ဝေနိုင်ရန်အတွက် မန်ဂျန်ရှား(၁၀၀၀၀)၊ ကျွန်း(၅၀၀၀)၊ မယ်ဇလီ(၃၀၀၀)၊ပျဉ်းမ(၁၅၀၀)၊ မဟော်ဂနီ(၃၀၀၀)၊ကုက္ကိုလ်(၁၀၀၀)၊ ခရေ(၅၀၀)၊ ငုရွှေဝါ (၃၀၀၀)နှင့် စိန်ပန်း(၃၀၀၀) စုစုပေါင်း ပျိုးပင်(၄၉၃၅၀) စိုက်ပျိုးထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)