ပလောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး

ပလောက် ဧပြီ ၂၈

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ဌာနဆိုင်ရာများ၊ သံဃာတော်များနှင့် ဒေသခံ ပြည်သူများအား ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး Covishield ကို ယနေ့ နံနက်(၉)နာရီက ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ထိုးနှံ ပေးလျက်ရှိကြောင်း သိရ သည်။

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရာတွင် ပလောက်မြို့၊ အမှတ်(၁၂) တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးသင်တန်းကျောင်းမှ ဆရာဝန်နှင့် သူနာပြုများ၊ ပလောက်တိုက်နယ် ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ကာကွယ်ဆေး မထိုးမီ သွေးတိုး ဆီးချိုနှင့် အခြား ရောဂါလက္ခဏာများ ရှိ/မရှိနှင့် လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးကာ ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ခန့် စောင့်ကြည့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ ပ‌လောက်တပ်နယ်မှ တာဝန်ရှိသူများ၊ မြို့စီမံအုပ်ချုပ်ရေး အဖွဲ့မှ လာ‌‌ရောက်ကြည့်ရှု၍ လိုအပ်သည်များ‌ ပေါင်းစပ်ညှိနှိုင်း‌ပေးခဲ့ကာ ပထမအကြိမ်၌ ပလောက်မြို့ရှိ သံဃာတော်များနှင့် ဒေသခံပြည်သူများ စုစုပေါင်း(၉၄၈)ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ဒုတိယအကြိမ်ကို   ဧပြီလ (၂၈) ရက်နေ့မှ (၂၉ )ရက်နေ့အထိ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရ သည်။

နှင်းမြူလွင် (ပလောက် ပြန်/ဆက်)