စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းဥပဒေနှင့်အညီ ကိုင်ဆောင်သည့်ကဒ်ပြားတစ်မျိုးမျိုး ဆောင်ရွက်ပေးမည့် ပန်းခင်းစီမံချက် ရှင်းလင်းပွဲပြုလုပ်

စဉ့်ကိုင်  မေ ၁၃

မန္တလေးတိုင်းဒေသကြီး  ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း ဥပဒေနှင့် အညီကိုင်ဆောင်သည့် ကဒ်ပြား တစ်မျိုးမျိုးဆောင်ရွက်ပေးမည့်  ပန်းခင်းစီမံချက်  ရှင်းလင်းပွဲကို    ယနေ့ နံနက် (၁၀) နာရီက ရန်အောင်မြင်ရပ်ကွက် ရွှေကျီးနား ကျောင်းတိုက် ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

အဆိုပါ   ရှင်းလင်းဆွေးနွေးပွဲတွင်  ကျောက်ဆည်ခရိုင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဆိုင်ရာ   ဦးစီးဌာနမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာန မှူးရုံးမှ  ဦးစီးအရာရှိ ဦးတင်မောင်လွင်က ပန်းခင်းစီမံချက်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာသော ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ သိရှိလိုသည်များကို မေးမြန်းခဲ့ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့သည်။

ဆွေးနွေးပွဲသို့   ကျောက်ဆည်ခရိုင်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးမှုးရုံးမှ    လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်စိုး၊ မြို့နယ်ဦးစီးအရာရှိ ဦးတင်မောင်လွင်နှင့်ဝန်ထမ်းများ     ရပ်ကွက်/ကျေးရွာအုပ်စု (၅၃)အုပ်စုမှ  အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ညိုညိုဝင်း(စဉ့်ကိုင် ပြန်/ဆက်)