မြစ်သားမြို့နယ်တွင် (သတ္တမ)စက်ဝန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ကျေးရွာမြစိမ်းရောင် ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဖွဲ့စည်း

မြစ်သား        မေ  ၁၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်စီမံကိန်းအတွက် ကျေးရွာကြီးကြပ်မှုကော်မတီ(တတိယ) အကြိမ်ပြန်လည် ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့  နံနက်(၈)နာရီက ပခမ်းကျေးရွာ ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။


ပခမ်းကျေးရွာအုပ်စု၊ ပခမ်းကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၄−၂၀၁၅ ခုဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ စီမံကိန်းကာလ(၆)နှစ်ပြည့်မြောက်ပြီဖြစ်၍ (သတ္တမ)စက်ဝန်း အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ကျေးရွာမြစိမ်းရောင် ကြီးကြပ်မှုကော်မတီပြန်လည်ဖွဲ့စည်းခြင်းဖြစ်ကြောင်းနှင့် ကော်မတီကို အမျိုးသား (၃)ဦး၊ အမျိုးသမီး(၄)ဦး၊ စုစုပေါင်း(၇)ဦးဖြင့် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများက သွားရောက်ဖွဲ့စည်းပေးခဲ့ကြသည်။
ယခုဘဏ္ဍာနှစ်တွင် အဆိုပါ ပခမ်းကျေးရွာ၌ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် မြစိမ်းရောင်စီမံ ကိန်းချေးငွေကျပ် (၄၅)သိန်းကျော်ကို လာမည့်ဇွန်လ လဆန်းပိုင်းတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ထုတ်ချေးပေး သွားမည်ဖြစ်ကြောင်းသိရှိရသည်။

ဆုမွန်(မြစ်သား)