မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ  ပြည်သူ့စာကြည့်တိုက်အား   COVID-19 စည်ကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ဆောင်ရွက်

မြဝတီ မေ ၁၄

 ကရင်ပြည်နယ်၊မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်တွင် သုတ၊ ရသ စာအုပ်စာပေများကို ပြည်သူများအသိပညာဗဟုသုတ ရရှိနိုင်ရန်အတွက် အခမဲ့ ငှားရမ်း ပေးလျက်ရှိသည်။

COVID-19 ကပ်ရောဂါဖြစ်ပွားမှုကြောင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်၍ စာအုပ် စာပေ ငှားရမ်းမှုများကို ခေတ္တရပ်နားခဲ့ရကာ ယခုအခါ ဧပြီလ (၂၉)ရက်နေ့မှ စတင်ပြီး COVID-19 ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ငှားရမ်းပေးလျက်ရှိသည်။

ပြည်သူ့စာကြည်တိုက်ကို အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် (၉)နာရီခွဲမှ ညနေ (၄)နာရီ ခွဲအချိန်အထိ  ဖွင့်လှစ်ပေးထားပြီး  စာကြည့်တိုက်သို့ မလာရောက်နိုင်သူများအတွက်လည်း Online Facebook Page မှ  စာအုပ်ဖတ်ပြခြင်းအစီအစဉ်များ၊စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်များ၊ ကလေး များအတွက် ပုံပြင်ပြောပြခြင်း၊ စက္ကူခေါက်ခြင်းအစီအစဉ်များနှင့် ကဗျာရွတ်ဆိုခြင်း အစီအစဉ်များ ကိုလည်း တင်ဆက်ပေးလျက်ရှိသည်။

အဆိုပါပြည်သူ့စာကြည့်တိုက်တွင် သုတ/ရသစာအုပ်များ၊ဂျာနယ်စာစောင်များနှင့် ကလေးများ အကြိုက်ရုပ်ပြစာအုပ်များ စုစုပေါင်း (၁၅၆၈၅)ရှိပြီး  မည်သူမဆို အခမဲ့လာရောက်ဌားရမ်း ဖတ်ရှု နိုင်ကြောင်း သိရသည်။

 မန်းသန်းရွှေမြင့်(ပြန်/ဆက်)