မင်းလှမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်

မင်းလှ  မေ ၁၄

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မေလပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့် လူဦးရေ(၉၈၀၈၅)ဦးရှိသည့်အနက် နိုင်ငံသားစိစစ်ရေး ကတ်ပြား  စီမံချက်ဖြင့် ဆောင်ရွက်ရန် ကျန်ရှိသည့် (၅၂၀၂) ဦးအား ပန်းခင်းလမ်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်ကိုလတ်ထံမှ သိရသည်။

မြို့နယ်အတွင်းရှိ အိမ်ထောင်စုမရှိသေးသည့်  ပြည်သူများ၊ အသက် (၁၆)နှစ်နှင့် (၁၈)နှစ်ကြား၊ အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိ‌သော ပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် အပိုင်း(၃) ပိုင်းခွဲကာ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ တစ်နိုင်ငံလုံး မေလ (၃)ရက်နေ့မှ စတင်ကာ (၁၈)လ အချိန်ယူပြီး မြို့နယ်တိုင်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ပေါက်စ ပြန်/ဆက်