ရွှေပြည်သာ မေ ၁၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၅၅၅၆) ဦးရှိရာ အဆိုပါ ပထမအကြိမ် ထိုးနှံပြီးသည့် သူများအား ဒုတိယအကြိမ်အဖြစ် နံနက် ၉နာရီမှ ညနေ ၃ နာရီချိန်ထိ မြို့နယ်တွင်းရှိ ဌာနဆိုင်ရာများ၊ ပြည်သူများအား ထိုးနှံပေးလျက် ရှိသည်။
ယမန်နေ့ထိ ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူပေါင်း(၅၃၄၂)ဦးရှိပြီဖြစ်၍ ကာကွယ်ဆေးထိုးနံရန် (၂၁၄ )ဦးသာ ကျန်ရှိတော့ကြောင်း ပြည်သူ့ဆေးရုံမှ သိရသည်။
အေးမိုး(ပြန်ဆက်)