သတင်းများ

မော်လမြိုင်ကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှကြီးမှူး၍ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ထားရှိ
May 14,2021
ဧရာ၀တီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအားကစားသင်တန်းများကိုမြို့နယ် အားကစားခန်းမသစ်၌ ဖွင့်လှစ်ထားရှိကြောင်း သိရသည်။
ကျောက်ဖြူမြို့၌ ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများ ထုတ်ပေး
May 13,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၀ ပြည့်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ဝင်ရောက်ဖြေဆိုရာတွင် အောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို  ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေး မှူးရုံးတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ အင်းလေလံရောင်းချပွဲပြုလုပ်
May 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း လင်းခေးခရိုင် ငါးလုပ်ငန်းဦးစီးဌာန၏ ၂ဝ၂ဝ-၂ဝ၂၁ ဘဏ္ဍာနှစ်အတွက် အင်းလေလံရောင်းချပွဲကို ယနေ့နံနက် ၉နာရီ က အဆိုပါ ဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးလုပ်ငန်း ဆောင်ရွက်
May 13,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ယာဉ်တိုက်မှုအန္တရာယ်ကင်းဝေး စေရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျ သွားလာတတ်စေရန် ရည်ရွယ်၍
စစ်ကိုင်းမြို့ ပိုးတန်းအားကစားကွင်း အထူးတန်းပွဲကြည့်စင်ဖွင့်ပွဲနှင့် စစ်ကိုင်းတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ (စစ်ကိုင်းဇုန်) ပြိုင်ပွဲများ ကျင်းပ
May 13,2021
စစ်ကိုင်းခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာန စစ်ကိုင်းမြို့ ပိုးတန်းအားကစားကွင်း၌ အထူးတန်းပွဲကြည့်စင်ဖွင့်ပွဲနှင့် စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက်(၂၁)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ (စစ်ကိုင်းဇုန်) ပွဲစဉ် (၁) ပြိုင်ပွဲကို မေ(၁၂) ရက် ညနေ(၄)နာရီက အဆိုပါ အားကစားကွင်း၌ ကျင်းပခဲ့သည်။
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့် အညီ ပြန်လည် ဖွင့်လှစ်ဆောင်ရွက်
May 13,2021
ပြည်သူများ အသိဉာဏ်၊ ဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်း ခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သင်္ဃန်းကျွန်းမြို့နယ်ရုံးတွင် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ် ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲအထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ကျိုက်မရောမြို့နယ် ပြည်သူ့စာကြည့်တိုက်၌ အသိပညာပေး Talk Show ပြုလုပ်
May 13,2021

ကျိုက်မရော မေ ၁၃ ပြည်သူများ အသိပညာရရှိစေရန်နှင့် စာပေဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ မွန်ပြည်နယ် ကျိုက်မရော မြို့နယ်ပညာရေးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကာ" ကျေ

မိုင်းဖြတ်မြို့နယ်၊ သံချပ်ကားတပ်ရင်းတပ်ပိုင်မြေမှ (၁၅.၂၁)ဧကအား နိုင်ငံတော်သို့ ပြန်လည်လွှဲပြောင်း ပေးအပ်
May 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဟိုနားကျေးရွာအတွင်းရှိ  သံချပ်ကားတပ်ပိုင်မြေမှ (၁၅.၂၁)ဧကအား မူလပိုင်ရှင်များသို့ ပြန်လည်ပေးအပ်ရန်အတွက် ခရိုင်လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီထံ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က သံချပ်ကားတပ်ရင်းခန်းမ၌ ကျင်းပခဲ့သည်။