ဆီဆိုင် မေ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉ နာရီက မြကန်သာရပ်ကွက် အတွင်းရှိ အရိယာမဂ္ဂင်မြို့လယ်ဓမ္မာရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် အမှတ်(၄၂၃)ခြေမြန်တပ်ရင်းမှ ဆေးမှူး ဗိုလ်ကြီးစိုးရဲနောင် ဦးစီးသည့် အဖွဲ့ဝင်တို့က ဌာနဆိုင်ရာဝန်ထမ်းများ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခဲ့သည်။
ခွန်ရဲထွေး(ဆီဆိုင်)