ကျောင်းကုန်းမြို့တွင် အခြေခံပညာကျောင်းများအား အဖွဲ့(၈)ဖွဲ့ဖြင့် ကြီးကြပ်ဆောင်ရွက်သွားမည်

ကျောင်းကုန်း မေ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပွဲကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက လာမည့် ဇွန်လ()ရက်နေ့ တွင် အ‌ခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တော့မည်ဖြစ်သဖြင့် ကျောင်းကုန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း (၁၉၁)ကျောင်းရှိရာ ကြီးကြပ်ရေး အဖွဲ့()ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး၊ မေလ ၂၂ ရက်နေ့ မှစတင်၍ ကြီးကြပ်သွားမည်ဖြစ်ကြောင်း၊ ယင်းသို့ကြီးကြပ်ရာတွင် အရေးကြီးသည့် ကျောင်းကို ဦးစားပေး သွားရောက်ရမည် ဖြစ်ပါကြောင်း၊ ဒေသအရန် မီးသတ်တပ်ဖွဲ့မှ အတွင်းစည်း အပြင်စည်း ဆောင်ရွက်ပေးမည်ဖြစ်ရာ ကြက်ခြေနီ တပ်ဖွဲ့မှ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်‌ရေး ဝိုင်းဝန်း ဆောင်ရွက်ပေးရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အဖွဲ့ဝင်()ဗိုလ်မှူး နေဝင်းနောင်က အရေးပေါ်စီမံချက် ရေးဆွဲထားစေလိုကြောင်းနှင့် တာဝန် ဇယားချထားကြစေလိုကြောင်း၊ ခြိမ်းခြောက်မှုများရှိပါက အသိပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် အဖွဲ့ဝင်()ဦးတင်မောင်၊ အဖွဲ့ဝင်()..က ဦးစီးမှူး ဦးမျိုးဝင်းရှိန်တို့က အသီးသီး အမှာစကား ပြောကြားခဲ့ကြပြီး၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းရွှေက လုံခြုံရေး ဆောင်ရွက်ထားရှိမှု အခြေအနေကို ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)