မိုင်းယောင်း မေ ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယနေ့ နံနက် ၉ နာရီခွဲက အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများ နှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူနှင့် စိုက်ပျိုး ရေးဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းတို့က အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုမှ တောင်သူများထံသို့ စိုက်ပျိုးရေး ဦးစီးဌာန ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူ၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် တာဝန်ရှိသူများက ဆင်းဧကရီ-၃၊ တမာပိုးသတ်ဆေး၊ ထောပတ်ပင် စသည့် အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် သွင်းအားစုများအား အသီးသီး ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အစားထိုးသီးနှံ နှစ်ချင်းမျိုးစေ့နှင့် သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲတွင် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ပြုံးပြုံးနွဲ့နှင့် ဝန်ထမ်းများက သီးနှံအထွက်တိုးရေး တောင်သူ အသိပညာပေး လက်ကမ်းစာစောင်များကို တက်ရောက်လာသူများအား အခမဲ့ဖြန့်ဝေပေး ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း