ပေါင်းတည်မြို့နယ်၊ မြို့မဈေးကြီးအတွင်း (Mask) တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေး ခြင်းနှင့် Mask အခမဲ့ ဖြန့်ဝေခြင်းဆောင်ရွက်

ပေါင်းတည် မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပေါင်းတည်မြို့နယ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီနှင့် ဌာနဆိုင်ရာများ ပူပေါင်း၍ Mask တပ်ဆင် သွားလာခြင်းမရှိသူများအား အသိပညာပေး ခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက ပေါင်းတည်မြို့မဈေးကြီးအတွင်း
ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ဈေးရောင်းချလျက်ရှိသော ဈေးသည်များ၊ ဈေးရှေ့ ဖြတ်သန်းသွားလာ ကြသူများနှင့် ဈေးဝယ်လာသူများကို Mask များ အခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်တားဆီးရေး အသိပညာပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ချစ်နှင်းသုန် (ပြန်/ဆက်)