သန်လျင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် လျက်ရှိ

 

ရန်ကုန် မေ ၁၈

 ရန်ကုန်တောင်ပိုင်းခရိုဂ်၊ သန်လျင်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂  ပညာသင်နှစ် အတွက် အခြေခံ ပညာကျောင်း များပြန်လည် ဖွင့်လှစ်နိုင်ရေး ပညာရေးဝန်ကြီးဌာန၊ မြို့နယ်ပညာရေးဦးစီးဌာနတို့၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ကြိုတင် ပြင်ဆင်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သန်လျင်မြို့နယ် အခြေခံပညာကျောင်းပေါင်း (၈၀)တွင်၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ အထက်တန်း၊ အလယ် တန်း၊ မူလတန်းအဆင့် ကျောင်းများအား ၂၀၂၁ ခုနှစ် မေလ ၂၄ ရက် နေ့မှ ၃၁ ရက်နေ့အထိ ကျောင်း သား/ ကျောင်းသူများကို ကျောင်းအပ်နှံ လက်ခံပေးသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းအပ်နှံရာတွင် မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်းမပြုလုပ်ဘဲ ကျောင်းသုံးပြဌာန်းစာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ ခဲတံ၊ Mask နှင့် Face Shield တို့ကို နိုင်ငံတော်မှ (အခမဲ့) ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မည်ဖြစ်၍ ကြို တင်ပြင်ဆင် မှုများအနေဖြင့် ကျောင်းပတ်ဝန်းကျင်ရှိ ခြုံနွယ်ပိတ်ပေါင်းများ ကျောင်းခြံဝင်းအတွင်း ပေါက်ရောက် နေသောမြက်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များအား မီးရှို့ခြင်းများ၊ စာသင်ခုံများ၊ စာသင် ခန်းများသန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်ရေး၊ ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားရေးအတွက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်