သတင်းများ

ရေတာရှည်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ စာငှား၊ စာဖတ် ဝန်ဆောင်မှုများ ပြန်လည်ဖွင့်လှစ်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ​ရေတာရှည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး တွင် ဖွင့်လှစ်ဆောင် ရွက်လျက်ရှိသည့် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ နေ့စဉ်စာငှားနေသည့် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး အတွက်  ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းများနှင့်အညီ အပတ်စဉ် နံနက် ၉ နာရီခွဲအချိန်မှ ညနေ ၄ နာရီခွဲအချိန်အထိ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိသည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
May 18,2021
 ရန်ကုန်တိုင်းဒေသကြီး ၊ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊အမှတ်(၇၀) ရပ်ကွက် ဗန္ဓုလလမ်းနှင့် ရွှေဗဟို (၂)လမ်း ထောင့်ရှိ အ.မ.က (၁၄) စာသင်ကျောင်းတွင် ယနေ့ နံနက် ၂ နာရီအချိန်က   မီးလောင်မှုဖြစ်ပွားသဖြင့် မြို့နယ် မီးသတ်ဦးစီးမှူး ဦးမြင့်သူ ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်အင်အား (၂၅) ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား (၁၀)ဦး ၊ခမရ(၅၉၃)မှ အင်အား (၁၅)ဦး၊မြို့နယ်ရဲတပ်ဖွဲ့ဝင်အင်အား (၈)ဦး တို့ဖြင့် မီးငြိမ်း သတ်ခဲ့ရာ ၂ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းသွားကြောင်း သိရှိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်အတွင်းရှိ (ဒုတိယ)အကြိမ်ဂရန်အင်း (ပထမ)အကြိမ် အိတ်ဖွင့် တင်ဒါ ချက်များ လေလံတင်ရောင်းချ
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အတွင်းရှိ ၂၀၂၁-၂၀၂၂ လုပ်ငန်း ရာသီနှစ်အတွက် ဂရန်အင်း( ဒုတိယအကြိမ်) လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက သာယာဝတီခရိုင် ငါးလုပ်ငန်း ဦးစီးဌာမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဂရန်အင်းတစ်အင်းအား ၂၉၂၀၀၀၀၀ ကျပ်နှင့် အိတ်ဖွင့်တင်ဒါချက် ရှစ်ချက်အား ၇၈၁၀၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရာ စုစုပေါင်း ၃၇၀၁၀၀၀၀ ကျပ် ရောင်းချနိုင်ခဲ့သည်။
ရန်ကင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ “ကိုယ့်ကိုကိုယ်ယုံကြည်မှု” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ
May 18,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက်ရှိ Community Centre ခန်းမ၌ ယနေ့နံနက် ၉ နာရီတွင် ပြည်သူများ အသိပညာ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြင့်တက်စေရန် ရည်ရွယ်၍ ကိုဗစ်-၁၉ စည်ကမ်းချက်များနှင့်အညီ စာဖတ်ဝိုင်း ကျင်းပခဲ့ကြောင်း သိရသည်။
ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြည်နယ်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ တွေ့ဆုံမှာကြားနိုင်ရေး အခမ်းအနားကျင်းပ
May 18,2021
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြည်နယ်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ တွေ့ဆုံမှာကြားနိုင်ရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ဒေါပုံမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပန်းလိုချင်အပင်ပျိုးတတ်မှ စာအုပ်အား စာဖတ်ဝိုင်းကျင်းပ
May 18,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အ‌ရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနသည် စာပေမြတ်နိုး တန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်းဝိုင်းဖွဲ့ဆွေးနွေးခြင်း အားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ် အသိအမြင်များအား မျှဝေတတ်စေရန် စာပေမှရသော အသိအမြင် ဗဟုသုတများကို အသုံးချ၍ တန်ဖိုးရှိသော လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီက ဒေါပုံပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ သည်။
ရွှေတောင်မြို့နယ် ပြည်သူ့စာကြည့်တိုက်အား ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ပြန်လည် ဖွင့်လှစ်
May 18,2021
ပဲခူးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရွှေတောင် မြို့နယ်ရုံးတွင် ပြည်သူများ စာပေ ဗဟုသုတ တိုးပွားစေရန်နှင့် အသိပညာရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသည့် ပြည်သူ့ စာကြည့် တိုက်အား ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ခေတ္တပိတ်ထားခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ စည်းကမ်း များနှင့် အညီ အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ နံနက် ၉:၃၀ နာရီမှ ညနေ၄း၃၀ နာရီအထိ ဖွင့်လှစ် ဆောင်ရွက် ပေးလျက် ရှိသည်။