ကွမ်းခြံကုန်းမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေး

ကွမ်းခြံကုန်း မေ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊  ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မေလ ပထမပတ်မှစ၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။

အဆိုပါ ပန်းခင်းစီမံချက်ဆောင်ရွက်ရာတွင် လက်ရှိဇာတိ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း ရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊  လက်ရှိဇာတိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွေ့ပြောင်းနေထိုင် သူများ မူလဒေသတွင်  အိမ်ထောင်စုလူဦးရေ  စာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက်  မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦး ရေစာရင်းနှင့်    ကိုင်ဆောင် လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်း၊ နည်းလမ်းများဖြင့် (၁၆ နှစ် မှ ၁၈ နှစ်ထိ) နှင့် (၁၈ နှစ်အထက်) ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား  ဆောင်ရွက်ပေးလျက်ရှိသည်။

ကွမ်းခြံကုန်းမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၄၃)အုပ်စုနှင့် ကျေးရွာ ပေါင်း(၁၃၅)ရွာ ရှိရာ ယခုရက်အထိ ရပ်ကွက်(၃)ရပ်ကွက်မှ ၁၈ နှစ်နှင့် အထက်(၇၇)ဦးနှင့် ၁၆ နှစ် နှင့် ၁၈ ထိ (၉၁)ဦး စုစုပေါင်း(၁၆၈)ဦး ဆောင်ရွက်ပြီးကြောင်း ကတ်ပြားများကို ပြည်သူလက်ဝယ်အထိ ပေးအပ်ခဲ့ပြီး ကျန်ရှိသော ရပ်ကွက်/ကျေးရွာများသို့ ဆက်လက်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် ယင်းစီမံချက်အား(၁၈)လကြာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်သူရထံမှ သိရသည်။

ဆွေနွယ်(ပြန်/ဆက်)