သာယာဝတီခရိုင်၊သာယာဝတီမြို့နယ်အတွင်းရှိ (ဒုတိယ)အကြိမ်ဂရန်အင်း (ပထမ)အကြိမ် အိတ်ဖွင့် တင်ဒါ ချက်များ လေလံတင်ရောင်းချ

 

သာယာဝတီ   မေ ၁၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ် အတွင်းရှိ ၂၀၂၁-၂၀၂၂ လုပ်ငန်း ရာသီနှစ်အတွက် ဂရန်အင်း( ဒုတိယအကြိမ်) လေလံတင်ရောင်းချခြင်း အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီက သာယာဝတီခရိုင် ငါးလုပ်ငန်း ဦးစီးဌာမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ဂရန်အင်းတစ်အင်းအား ၂၉၂၀၀၀၀၀ ကျပ်နှင့် အိတ်ဖွင့်တင်ဒါချက် ရှစ်ချက်အား ၇၈၁၀၀၀၀ ကျပ်ဖြင့် ရောင်းချခဲ့ရာ စုစုပေါင်း ၃၇၀၁၀၀၀၀ ကျပ် ရောင်းချနိုင်ခဲ့သည်။

အဆိုပါအခမ်းအနားကို သာယာဝတီခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးတင်ထွန်းခေါင်းဆောင်သော ခရိုင် လေလံ ရောင်းချရေးအဖွဲ့ဖြင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။   

သန့်ဇော် (ခရိုင်ပြန်/ဆက်)