လွိုင်ကော် မေ ၁၈
ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ ပြည်နယ်၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းတာဝန်များ တွေ့ဆုံမှာကြားနိုင်ရေး အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကယားပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး ၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ပြည်နယ် ၊ မြို့နယ် စည်ပင် သာယာရေး ကော်မတီများအား စည်ပင်သာယာရေးဆိုင်ရာလုပ်ငန်းတာဝန်များနှင့် စပ်လျဉ်း၍ အဖွင့် အမှာစကား ပြောကြားခဲ့ပြီး ကယားပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင် ၊ ပြည်နယ်စည်ပင်သာယာရေးကော်မတီ ၊ ဥက္ကဋ္ဌ ဦးစိန်ဦးက စည်ပင်သာယာရေးကော်မတီနှင့် အဖွဲ့ဝင်များ၏ ထားရှိရမည့် လုပ်ငန်း ရည်မှန်းချက် များဖြစ် သည့် စည်ပင်သာယာရေးလုပ်ငန်းများကို စနစ်တကျစီမံဆောင်ရွက်ရန် နှင့် သတ်မှတ်ထားသည့် အခွန်များကို ကောက်ခံရာတွင် စနစ်တကျ ကြီးကြပ်ကောက်ခံ ရမည်ဖြစ်ပြီး ယခုလို လုပ်ငန်းတာဝန်များ ဆောင်ရွက်ရာတွင် စည်ပင်သာယာရေးကော်မတီများ အနေဖြင့် တည်ဆဲဥပဒေများ ၊ နည်းဥပဒေများ ၊ စည်းမျည်း စည်းကမ်း များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုအားများ ရယူရန်လိုအပ်ကြောင်း ၊ ပြည်သူ လူထုနှင့် အနီးစပ်ဆုံးထိတွေ့ပြီး လုပ်ငန်းတာဝန်များကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ လုပ်ငန်းများ ဆောင်ရွက် ရာတွင် စည်ပင်သာယာရေးလုပ်ငန်းများကို အခွန်အပြည့်အဝရရှိရန် နှင့် ရရှိသည့်ဝင်ငွေများကို စနစ်တကျ စီမံခန့်ခွဲပြီး ပြည်သူများအတွက် ပြန်လည်အသုံးပြု သွားရမည်ဖြစ်ကြောင်း နှင့် ပြည်နယ်အတွင်းရှိ စည်ပင် သာယာရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး မြို့ပြလူနေမှုစနစ်များ မြင့်မားလာစေရန်အတွက် စည်ပင် သာယာရေးကော်မတီနှင့် အဖွဲ့ဝင်များ၏ တာဝန်များဖြစ်ကြောင်း ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် ပြည်နယ်၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များက တစ်ဦးချင်းမိတ်ဆက်တင်ပြပြီး ကယား ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခင်မောင်ဦးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)